Friday 21 October 2016

Prepare to come

သမီးလေးကို ဘယ်မှာမွေးမလဲလို့ တိုင်ပင်ကြတော့ ဖေဖေ့သူငယ်ချင်းတစ်ယောက်ရဲ့ အကြံပေးချက်အရ စင်္ကာပူ အမျိုးသားတက္ကသိုလ် ဆေးရုံကြီး (National University Hospital) မှာပဲမွေးမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီတော့ NUH ရဲ့ဆေးခန်းမှာ စာရင်းသွင်းထားဖို့လိုပြီး သူတို့ရဲ့ Delivery Package ကို ကြိုဝယ်ထားကြရတာပေါ့။

Jurong East MRT အနီးနားလေးက NUH ရဲ့ Women Clinic မှာ အဖေတို့ Register လုပ်လိုက်ကြတယ်။ သမီးလေးကို မွေးပေးမယ့် ဆရာဝန်မကြီးက Dr T.M Chua တဲ့။ မျက်နှာချိုချိုနဲ့ အရမ်းသဘောကောင်းတဲ့ တရုတ်မကြီးပါ။

Friday 19 December 2014

Beginning


အဖေတို့နဲ့ အတူတူ လာနေတော့မယ်လို့ သမီးလေးက အသိပေးတဲ့နေ့ ... :)
Tester မှာ အပြာရောင်လိုင်းလေး ၂ လိုင်းပြပြီးတဲ့နောက် Ang Mo Kio မှာရှိတဲ့ ပုဂ္ဂလိက Women Clinic တစ်ခုကိုသွားကြပြီး အတည်ပြုချက် သွားယူကြတယ်လေ။ အဲဒီမှာ ဆရာဝန်ကြီးက သမီးလေးရဲ့ ပထမဆုံးသော ဓာတ်ပုံလေးကိုရိုက်ပြီး အဖေတို့ကိုပေးတယ်။ အစက်ကလေး တစ်စက်ထဲသာ မြင်ရတဲ့ အဖြူအမည်း ဓာတ်ပုံလေး .. ဒါက အဖေ့သမီးလေးပဲ :)