Friday, 21 October 2016

Prepare to come

သမီးလေးကို ဘယ်မှာမွေးမလဲလို့ တိုင်ပင်ကြတော့ ဖေဖေ့သူငယ်ချင်းတစ်ယောက်ရဲ့ အကြံပေးချက်အရ စင်္ကာပူ အမျိုးသားတက္ကသိုလ် ဆေးရုံကြီး (National University Hospital) မှာပဲမွေးမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီတော့ NUH ရဲ့ဆေးခန်းမှာ စာရင်းသွင်းထားဖို့လိုပြီး သူတို့ရဲ့ Delivery Package ကို ကြိုဝယ်ထားကြရတာပေါ့။

Jurong East MRT အနီးနားလေးက NUH ရဲ့ Women Clinic မှာ အဖေတို့ Register လုပ်လိုက်ကြတယ်။ သမီးလေးကို မွေးပေးမယ့် ဆရာဝန်မကြီးက Dr T.M Chua တဲ့။ မျက်နှာချိုချိုနဲ့ အရမ်းသဘောကောင်းတဲ့ တရုတ်မကြီးပါ။